နေက်ကွယ်က သူခိုး၊ ဓားရိုးကမ်းမှုများ
Social Media
inShare
FB Quiz တွေနောက်ကွယ်က သူခိုး၊ ဓားရိုးကမ်းမှုများ
google.com
မိမိကိုယ်တိုင်တောင်မသိလိုက်ပဲ ကိုယ်ပိုင်အချက်အလက်တွေကို ခိုးယူခွင့်ပေးနေတဲ့ FB Quiz တွေကိုသတိထားသင့်နေပါပြီ။
ဥပမာ- "ဘယ် Cele က သင်နဲ့ရုပ်အတူဆုံးလဲ??” တို့ "ဘယ်အသက်အရွယ်မှာ သေမှာလဲ" တို့"သူငယ်ချင်းထဲကသင်ကိုကြိတ် crush နေတာဘယ်သူလဲ" စတာတွေ လုပ်ဖူးကြမှာပါ။
ဒီလိုအပျော်တမ်း မေးခွန်းတွေကစားကြည့်တာပြဿနာမရှိပေမဲ့ အဓိကပြဿနာက သူတို့websiteဆီကို သွားလုပ်ကတာပါ။ သူတို့website ဆီရောက်သွားရင် အရင်ဆုံး မိမိfb account နဲ့ sign in လုပ်ရတယ်လေ။
အဲ့ဒီတော့ သူတို့က သင့်ရဲ့Fri တစ်ယောက်ချင်းစီကနေ like အရေအတွက်ကိုရေတွက်ပြီး သင့်ရဲ့လူသိများမှုအနေအထားကို တိုင်းတာဖို့ရာ သင်profileက data တွေကို စတင်စုဆောင်းပါတယ်။ ဒါဟာ သင့်ရဲ့ profile အပါအဝင် သင့်ရဲ့ အသိုင်းအဝိုင်းကသူတွေရဲ့ profile ကိုပါ ဝင်ကြည့်ဖို့ access ရသွားတဲ့ သဘောပါပဲ။ အဲဒီကရလာတဲ့ data တွေကို တစ်ဖက်မှာ သုံးစွဲသူတွေအကြောင်း လေ့လာရှာဖွေနေတဲ့ e-commerce လုပ်ငန်းရှင်တွေ ဒါမှမဟုတ် တရားမဝင်စီးပွားရေးသမားတွေကို ပြန်ရောင်းပါတယ်။ နောက်ထပ် လူသိများတဲ့ နည်းလမ်းကတော့ online ပြိုင်ပွဲတွေပါ။ "ဒီ survey ကို ဖြည့်ပြီး သင့်အတွက် iphone 6 ကို ကံစမ်းလိုက်ပါ" ဆိုတဲ့ စာတန်းတွေကို သင့်ရဲ့ phone screen မှာ မြင်ဖူးမှာပါ။ ပြီးရင် သင့်ရဲ့ account ကနေတဆင့် 1 ဒေါ်လာလွှဲပေးဖို့ website က တောင်းခံပါလိမ့်မယ်။ သင့်အနေနဲ့လည်း ဒါဟာ မဖြစ်စလောက်ပမာဏလို့ ထင်မှာပါပဲ။ ဒါပေမယ့် ဒါက တကယ်တမ်းတော့ နိုင်ငံခြားငွေပေးချေမှုတွေမှာ card နံပါတ်နဲ့ CVV သာလိုတဲ့အတွက် သင့်ရဲ့ အသေးစိတ်ဘဏ်အချက်အလက်တွေကို လိုချင်တဲ့သဘောပါ။ ဒီလို ခိုးကြောင်ခိုးဝှက်အလုပ်တွေကို e-commerce သမားတွေအများဆုံးလုပ်လေ့ရှိပြီး ATM ဒါမှမဟုတ် POS နဲ့ပတ်သက်တဲ့ ခိုးယူမှုတွေကို သိပ်မသုံးတော့ဘူးလို့ Hitachi payments ရဲ့ MD က ပြောပါတယ်။
User ကို FB platform ရဲ့ ပြင်ပ website တစ်ခုကို ခေါ်သွားတဲ့အတွက် တရားဥပဒေအရ အရေးယူလို့မရကြောင်း Facebook ဘက်က ပြောပါတယ်။
FB ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ငွေပေးချေမှုနဲ့ ပတ်သက်တဲ့အချက်အလက် တစ်စုံတစ်ရာ ခိုးယူခံရတဲ့အခါ သတိပြုမိပြီး ဒီလို ဖြစ်ရပ်မျိုးတွေကို ပိတ်ပင်တားဆီးနိုင်ဖို့ payment တိုင်းရဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ computer model တွေက လေ့လာဆန်းစစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ အလိမ်ခံရတဲ့ ကိစ္စမျိုးတွေမှာတော့ ကျွန်တော်တို့အနေနဲ့ user ရဲ့ account လုံခြုံအောင် ပြန်လုပ်ဆောင်ပေးပြီး တရားမဝင်ငွေကုန်ကျမှုတွေကလွတ်အောင် အဆင့်ဆင့် ကူညီပေးသွားမှာပါ။" လို့ ပြောပါတယ်။ global payment security specialist SISA Information Security ရဲ့ vice - president ကတော့ "Internation website တွေမှာ game ဆော့ဖို့အတွက် ငွေပေးချေတဲ့အခါ သူတို့က သင့်ရဲ့ ခွင့်ပြုချက်မရဘဲ card နံပါတ်, သက်တမ်းကုန်ဆုံးရက်, CVV စတဲ့ အချက်အလက်တွေကို ခိုးယူပါတယ်။ ဒါကြောင့် မိမိရဲ့ social media account တွေက privacy setting တွေကို ပုံမှန်စစ်ဆေးပါ။ Website တော်တော်များများက google ဒါမှမဟုတ် FB ကနေ တဆင့် ချဉ်းကပ်တတ်ကြပါတယ်။ သင့်ဘက်က တစ်ကြိမ်တည်း log in ဝင်ထားဖူးပေမယ့် အခုအချိန်ထိ သင့်ဆီက data တွေကို ရယူနေတဲ့ website တွေရှိနေနိုင်လို့ privacy setting ကို စစ်ဆေးပြီး မသင်္ကာစရာ website တွေကို ပယ်ဖျက်လိုက်ပါ" လို့ အကြံပေးသွားပါတယ်။
Myanmar ICT Guide

Comments
Post a Comment