တရုတ်ပြည်မှ ထွက်ခွာလာသော ကန်ပိုင်တီးမြို့ နယ်စပ်ဂိတ်(အပေါ်လမ်း) မှ တရားမဝင် တင်ဆောင်လာသော(အခွန်မဆောင်) ကားကြီး (28)စီးကို ဆဒုံးမြို့ ရေတံခွန် အနီးတွင် ဖမ်းဆီးခဲ့ပါသည်။
ထိုလမ်းမှ တင်ဆောင်နေကျဖြစ်သော ဓါတ်မြေသြဇာ နှင့် ပိုးသတ်ဆေးများ သာ ဖြစ်ပါသည်။
အဆိုပါ ဖမ်းဆီးမှု့တွင် စီမံ/ဘဏ္ဍာရေး ဝန်ကြီး ဦးဝေလင်း နှင့် အကောက်ခွန်ဦးစီးဌာန မှ ပြည်နယ်မှုး ပါဝင်ခဲ့ပါသည်။ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ တဦးတယောက်မှ မပါဝင်ပဲ တာဝန်သိ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ပါသည်။
ယာဉ်ပိုင်ရှင်များမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြပီး တရုတ်ယာဉ်မောင်းများ ဖြစ်ကြသည်။ မြန်မာလိုင်စင်ကားများမှာလည်း တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး ထိုကဲ့သို့ လုပ်စားသည်မှာ ကြာမြင့်နေပီဖြစ်သည်။
တချို့လက်နက်ကိုင် အဖွဲ့အစည်းများ မှ တာဝန်ယူ သယ်ဆောင်ပေးခြင်း ဖြစ်ပါသည်။
ကယ်ရီခ တစ်စီးလျှင် သိန်း(20)ကျပ်ခန့် ကုန်ကျသည်ဟု သိရပါသည်။
တစီးလျှင် (ကုန်+ယာဉ် ) တန်(50)ခန့်တင်ဆောင်ပါသည်။
လမ်းများပျက်စီးမှု့မှာ ထိုကားများကြောင့် ဖြစ်ပါသည်။
ယာဉ်မောင်းတရုတ်များမှာ ကားများကို ပစ်ထား၍ ထွက်ပြေးလွတ်မြောက်သွားကြသည်။
တောလမ်းထဲသို့ တစွတ်ထိုး ထွက်ပြေးလွှတ်မြောက်သွားကြပါသည်။
တရုတ်နိုင်ငံသား (7)ဦးသာ ဖမ်းမိခဲ့ပါသည်။
မနက်ဖြန်တွင် ဖွင့်ဖေါက်စစ်ဆေးမည်ဖြစ်ပြီး
နောက်ဆက်တွဲ သတင်းများ ဆက်လက်တင်ပြပါမည်။
Nyan Tun
သတင်းပြန်ကြားရေး
NLD - ဝိုင်းမော် မှ
2,Aug,2018
Comments
Post a Comment