Google Search ရဲ့ လူသိနည်းနေသေးတဲ့ Features တချို့။

+Google Calculator
+Google Clock
+Google Weather နဲ့
ကိုယ်သိသလောက်ထဲက
တခြားအကြောင်းအရာနည်းနည်းပါ။

ပြည့်စုံမှာမဟုတ်တဲ့အတွက်
ပိုသိတဲ့သူတွေကလည်း ဖြည့်စွက်ပေးကြပါ...။

နောက်ပိုင်းတော့ ...
Advance လို့ခေါ်နိုင်တဲ့ Google dork နဲ့
Search string တွေထဲက
သိသလောက် ထပ်လင်းတော့မယ် ...

ထုံးစံအတိုင်း .. ဦးရွှေခြည်ရဲ့ "အဘိရူကပျို့" လိုပါပဲ။

" ဆုတ်တက်ဆပွား ၊ စဉ်တလျားဖြင့်
စကားရွေ့လှန် ၊ မှားမေ့ကျန်၍
မမှန်ယိမ်းချော် ၊ တိမ်းပါးသော်လည်း
သူတော်တကာ ၊ သည်းခံပါဟု
သံသာပျောင်းပျ ၊ တောင်းပန် ခ ၏ ...."


ဖုန်းမှာလည်း ဂဏန်းပေါင်းစက်ပါပါတယ်။
ဒါမယ့် တစ်ခါတစ်ခါအရေးကြုံတဲ့အခါ
ပိုပီး Advance ကျတဲ့ ရှုပ်ထွေးတဲ့တွက်ချက်မှုတွေကြုံလာရင်တော့
Google ကို scientific calculator အဖြစ်သုံးနိုင်ပါသေးတယ်။

သာမန်အပေါင်း အနှုတ် အမြှောက်အစားကတော့
လွယ်လွယ်လေးပါပဲ ...
Search box ထဲမှာ ဂဏန်းတွေရယ် အော်ပရေတာရယ်ရိုက်ပီး
Search or Enter လိုက်ရုံပါပဲ ...။

ဥပမာ -

6548546219792+45238998468-89654288 (search or enter)

ဆိုတာနဲ့ အဖြေကိုပြပေးပါလိမ့်မယ်။
ဒါက သာမန်အပေါင်းအနှုတ် အမြှောက်အစား...


Scientific Calculator တွေလို
Sin တွေ Cox တွေနဲ့ Advance Calculation ကိုလည်း
Google မှာတွက်ချက်နိုင်ပါသေးတယ်။
စမ်းကျိကြပါ ....



Google Has Everything ဆိုတဲ့စကားလိုပဲ
အဆိုတော်တွေ သီချင်းခွေတွေ စာရေးဆရာတွေ စာအုပ်တွေကိုလည်း
အလွယ်တကူရှာလို့ရနိုင်သေးတယ်

တချို့ဟာတွေကတော့ ပိုက်ဆံပေးဝယ်ရတာပေါ့ဗျာ...
ဒါမယ့် ခုနက google has everything ဆိုတဲ့စကားလိုပဲ ...
ရှာတတ်ရင် တချို့တလေ ဖရီးရပါသေးတယ်။
နောက်ပိုင်း advance search ကိုပိုင်ရင်
နားလည်သွားပါလိမ့်မယ်။

ဒါက top ten albumn of 2015 ဆိုတဲ့
Search string နဲ့ရှာထားတာ ...

အစဉ်လိုက်ပြပေးပါလိမ့်မယ်....



ဒါက Taylor Swift songs ဆိုတဲ့ search string နဲ့ရှာထားတာ...
Taylor Swift နေရာမှာ Bruno Mars, Train, Linkin Park, Adelle စသည်ဖြင့်
အစားထိုးပီးရှာနိုင်ပါတယ်...။

လောဆယ် TontayTheinTan Songs တို့ဘာတို့တော့ မရသေးဝူးဗျ ...

Just Joking ပါ 😁😁😁

စမ်းကျိကြပါ .... မစမ်းရသေးလို့။


Weather ဗျ ....

ဘာမှမလိုဘူး search box မှာ weather လို့ရိုက်ထည့်လိုက်ရုံပဲ ...
လောဆယ်ကိုယ်ရောက်နေတဲ့နေရာရဲ့
မိုးလေဝသအခြေအနေနဲ့ ခန့်မှန်းချက်တွေပြပေးလိမ့်မယ်။



ဒါကတော့ တခြားနေရာတွေက ရာသီဥတုအခြေနေသိချင်ရင် ... ပါ ။

ဥပမာ - weather in singapore

ဒါပါပဲ ... အဲ့နေရာက မိုးလေဝသအခြေအနေကို
ပြပေးပါလိမ့်မယ် ....။



နေထွက်ချိန် နေဝင်ချိန်ကိုလည်း
ပြပေးသေးတယ်ဗျ ....
sunset (or) sunrise လို့သာရိုက်ကျိလိုက်...


Dictionary လိုနေသလား ?
အဓိပ္ပါယ်သိချင်သလား?

ကိုယ်သိချင်တဲ့စကားလုံးရှေ့မှာ define ဆိုတာသာခံရိုက်လိုက်...

ဥပမာ - define hacker

Noun လား Verb လားကအစ ...
Hacker is ဘာညာသာရကာ ...
စုံနေအောင်ဖွင့်ဆိုပြသွားလိမ့်မယ် ...
လက်ဖျားခါတယ် ....။


" set timer "
ဒါက Timer ချိန်တာဗျ ...
ပုံမှာမြင်တဲ့အတိုင်းပဲ
ကိုယ်လိုချင်သလောက်သတ်မှတ်ပြီး
Timer ပေးလို့ရတယ် ...
ဘာမှမထူးခြားဘူးထင်ရပေမယ့်
သိထားတော့ လိုတဲ့အချိန်သုံးနိုင်တာပေါ့။


" set timer 5 minutes 30 seconds "
ဒါကနောက်တစ်နည်းပေါ့
တခါတည်း timer ချလိုက်တယ်
ချိန်နေစရာမလိုတော့ဝူး ...
ဘေးမှာပါတဲ့ stop watch ဆိုတာလေးကိုလည်း
အချိန်မှတ်နာရီအဖြစ်သုံးနိုင်သေးတယ်။

ဒါ... ကျနော်သိသလောက်ထဲကပါပဲဗျာ ...

နောက်ပိုစ့်တွေကျမှ advance search အကြောင် ထပ်ဆွေးနွေးကြဦးစို့ ...

မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ကြပါစေအမျိုးတို့...။

Comments